back

ဧရာဝတီတိုင်း၊ရေကြည်မြို့တွင် ရေစီးထဲမျောပါသူ လူငယ် ၂ ဦးအနက် ၁ ဦး ပျောက်ဆုံးနေပြီး ကျုံပျော်မြို့၌ ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွား

Aug 23 • 8:35 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်း၊ရေကြည်မြို့တွင် ရေစီးထဲမျောပါသူ လူငယ် ၂ ဦးအနက် ၁ ဦး ပျောက်ဆုံးနေပြီး ကျုံပျော်မြို့၌ ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွား

ဧရာဝတီတိုင်း၊ ရေကြည်မြို့တွင် ဩဂုတ်လ ၂၂ ရက် ညပိုင်းက ရေစီးကြမ်းနေစဉ် မျောပါသွားခဲ့သည့် လူငယ် ၂ ဦးအနက် ၁ ဦးကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့သော်လည်း အသက် ၂၃ နှစ...

ဧရာဝတီတိုင်း၊ ရေကြည်မြို့တွင် ဩဂုတ်လ ၂၂ ရက် ညပိုင်းက ရေစီးကြမ်းနေစဉ် မျောပါသွားခဲ့သည့် လူငယ် ၂ ဦးအနက် ၁ ဦးကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့သော်လည်း အသက် ၂၃ နှစ်အရွယ် လူငယ် ၁ ဦးမှာ ယနေ့အထိ ပျောက်ဆုံးနေသဖြင့် ရှာဖွေရေးများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် ကျုံပျော်မြို့နယ်ရှိ မြဝတီနှင့် ပင်လုံရပ်ကွက် အပါအဝင် အနိမ့်ပိုင်းရပ်ကွက်များ၌ မြစ်ရေ၊ ချောင်းရေများ ဝင်ရောက်ကာ ရေစီးကြမ်းလျက်ရှိပြီး ဒေသခံများမှာ အမြင့်ပိုင်းရှိ ဘုန်းကြီးကျောင်းများသို့ ရွှေ့ပြောင်းနေထိုင်နေရကာ အရေးပေါ် အကူအညီများ ပိုမိုလိုအပ်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

27