အမေရိကန်နိုင်ငံအတွက် ပိုမိုအကျိုးရှိစေမည့် ကုန်သွယ်ရေး သဘောတူညီချက်အသစ်တစ်ခုကို မက္ကဆီကိုနိုင်ငံနှင့် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အင်ဒရူးစ် လေတပ်စခန်း၌ သတင်းထောက်များအား ပြောကြားခဲ့သည်။ အာရှမှ ကုန်ထုတ်လုပ်ငန်းများကို မြောက်အမေရိကသို့ ပြောင်းရွှေ့ရန် မက္ကဆီကိုနှင့် ဆွေးနွေးလျက်ရှိပြီး ကနေဒါနိုင်ငံနှင့်လည်း ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်များစွာ ရရှိထားကြောင်း သိရကာ ထရမ့်အနေဖြင့် မက္ကဆီကိုမှ တင်သွင်းသည့် ဆလတ်ရွက်များ အစာဆိပ်သင့်မှုဖြစ်စဉ်ကို အကြောင်းပြ၍ သွင်းကုန်အခွန်များ တိုးကောက်မည်ဟု အစောပိုင်းက ခြိမ်းခြောက်ပြောဆိုခဲ့ဖူးသည်။


