ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ဒါးကချောင်းရေ ဝင်ရောက်မှုကြောင့် ရေဘေးသင့်ခဲ့ရသည့် အောင်ဆန်းရပ်ကွက်ရှိ အိမ်ထောင်စု ၆၀ မှ ပြည်သူ ၂၀၂ ဦးအတွက် ဆန်၊ သန့်ရှင်းသော သောက်ရေနှင့် ခေါက်ဆွဲခြောက် အပါအဝင် လိုအပ်သည့် ထောက်ပံ့ရေးပစ္စည်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက ဩဂုတ်လ ၂၁ ရက်နေ့တွင် ပြည်သူ့အားကစားခန်းမ၌ သွားရောက်ပေးအပ်ခဲ့သည်။ ထို့ပြင် ဝန်ကြီးနှင့်အဖွဲ့သည် ကျုံပျော်မြို့အတွင်း ရေဝင်ရောက်မှု အခြေအနေများ၊ သောင်ရွာကျေးရွာ Check Point မှတစ်ဆင့် ရေဘေးသင့်ကျေးရွာများသို့ ထောက်ပံ့ရေးပစ္စည်းများ ပေးပို့နေမှုနှင့် ကြို့သစ်ကုန်းကျေးရွာ နတ်ကန်တံတား ရေစီးဆင်းမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဘေးကာကွယ်ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်မြို့၌ ရေဘေးသင့်ပြည်သူ ၂၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်
Aug 23 • 7:56 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 28 | 0 | 0 | 0 |


