back

နိုင်ငံကျော် ဝါရင့်တေးသံရှင် ကိုင်ဇာ ဩဂုတ် ၂၂ ရက် ညနေပိုင်းတွင် ကွယ်လွန်

Aug 22 • 1:54 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

နိုင်ငံကျော် ဝါရင့်တေးသံရှင် ကိုင်ဇာ ဩဂုတ် ၂၂ ရက် ညနေပိုင်းတွင် ကွယ်လွန်

မြန်မာ့ဂီတလောကတွင် ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီး ပရိသတ်များ အားပေးနှစ်သက်သည့် သီချင်းပေါင်း ၂၀၀ ကျော်နှင့် တစ်ကိုယ်တော် အယ်လ်ဘမ် ၂၀ ခန့် ထွက်ရှိခဲ့သူ န...

မြန်မာ့ဂီတလောကတွင် ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီး ပရိသတ်များ အားပေးနှစ်သက်သည့် သီချင်းပေါင်း ၂၀၀ ကျော်နှင့် တစ်ကိုယ်တော် အယ်လ်ဘမ် ၂၀ ခန့် ထွက်ရှိခဲ့သူ နိုင်ငံကျော် ဝါရင့်တေးသံရှင် ကိုင်ဇာသည် ဩဂုတ်လ ၂၂ ရက် ညနေပိုင်းတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ အဆိုတော် ကိုင်ဇာသည် ၁၉၈၀ ပြည့်လွန်နှစ်များကတည်းက ကိုယ်ပိုင်သံစဉ် တေးသီချင်းများဖြင့် ထင်ရှားအောင်မြင်လာခဲ့သူဖြစ်ပြီး အမျိုးသမီး တေးသံရှင်များဖြစ်ကြသည့် မေဆွိ၊ မေခလာ တို့နှင့်လည်း စုံတွဲသီချင်းများစွာ သီဆိုခဲ့သည်။ ၎င်း၏ “အရမ်းလွမ်းနေပြီ”၊ “တစ်သက်လုံးပဲ သတိရနေမယ်”၊ “ပထမဆုံးနေ့”၊ “တူနှစ်ကိုယ်တိုင်းပြည်” နှင့် “မနိုးပါစေနဲ့ မိုးရယ်” စသည့် တေးသီချင်းများမှာ ယနေ့ထိတိုင် ပရိသတ်များအကြား ရေပန်းစား လူကြိုက်များနေဆဲ ဖြစ်သည်။

news-view-count-icon

61