ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) ဟာ ခရိုင် ၅၀ မှာ ပန်းရောင်ကတ်ကိုင်ဆောင်ထားတဲ့ နိုင်ငံခြားသားတွေကို ဩဂုတ်လ ၂၁ ရက်မှာစ-စ်ဆေးခဲ့ပါတယ်။ အိမ်ထောင်စု ၁၀,၀၆၆ စုမှာ လူပေါင်း ၁၆,၆၃၄ ဦး နေထိုင်နေတာကို တွေ့ရှိခဲ့ပြီး ခရိုင် ၉ ခုရှိ အိမ် ၁၃ လုံးမှာတော့ ပန်းရောင်ကတ်ကိုင်ထားတဲ့ နိုင်ငံခြားသား ၁၆ ဦးထက်ပိုပြီး နေထိုင်နေတာကို တွေ့ရှိခဲ့ပါတယ်။ အဲဒီအိမ်တွေဟာ စက်ရုံတွေ၊ အဆောင်တွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေ နေထိုင်တဲ့ နေရာတွေ ဖြစ်ကြပါတယ်။အဲဒီ အိမ် ၁၃ လုံးကို အုပ်ချုပ်ရေးနဲ့ မှတ်ပုံတင်ဌာနက အထူးအဖွဲ့ဖွဲ့ပြီး ဆက်လက် အသေးစိတ် စ-စ်ဆေးသွားမှာ ဖြစ်ပါတယ်။ အိမ်အသုံးပြုမှု အခြေအနေ၊ တကယ်နေထိုင်သူ အရေအတွက်၊ ဆွေမျိုးတော်စပ်မှု အခြေအနေနဲ့ အိမ်အဝင်အထွက် ပြောင်းရွှေ့ခြင်းဆိုင်ရာ စာရွက်စာတမ်းတွေကို သေချာစွာ စ-စ်ဆေးသွားမှာ ဖြစ်ပါတယ်။ဘန်ကောက်မြို့တော်ဝန်ရဲ့ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုရှိတဲ့ မူဝါဒတွေနဲ့အညီ ဒီစ-စ်ဆေးမှုကို လုပ်ဆောင်တာ ဖြစ်ပါတယ်။ အိမ်ထောင်စုစာရင်း ပြောင်းရွှေ့မှုတွေမှာ မူမမှန်တာတွေကို တွေ့ရှိခဲ့ရင် အချက်အလက်တွေအပေါ် အခြေခံပြီး တရားမျှတစွာ ဆက်လက် အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။



