မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ပြုန်းကျေးရွာတွင် ကျင်းပသည့် တောင်ပြုန်းမင်းနှစ်ပါး နတ်ပွဲတော်မှာ ဩဂုတ် ၂၁ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ပါသည်။ဒါပေမဲ့ ပွဲတော်ကာလ မရောက်မီ ပြီးခဲ့သည့် ရက်ပိုင်းကတည်းက စတင်၍ ဘုရားဖူးနှင့် ပူဇော်ပသသူ နေ့စဉ် ရာနှင့်ချီ၍ လာရောက်လျက် ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။တောင်ပြုန်းပွဲတော်ကို နှစ်စဉ် ဝါခေါင်လဆန်း ၈ ရက်မှ ၁၅ ရက်အထိ ကျင်းပလေ့ရှိပြီး ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် နောက်ပိုင်း နယ်မြေ မတည်ငြိမ်မှုများကြောင့် လာရောက်သူ နည်းပါးခဲ့သည်။ ယခုနှစ်တွင် ပွဲတော် ပြန်လည် စည်ကားစေရန် စီစဉ်လျက်ရှိပြီး ၅ နှစ်ကြာ ရပ်ဆိုင်းထားသည့် မန္တလေး-တောင်ပြုန်း အထူးရထားကိုပါ ပြန်လည် ပြေးဆွဲပေးရန် စီစဉ်ထားကြောင်း သိရသည်။
Aug 21 • 4:08 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 38 | 0 | 0 | 0 |


