ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ဝဲချောင်းကျေးရွာအနီး ရွေးမြစ်အတွင်း ဩဂုတ် ၁၉ ရက် ညနေ ၆ နာရီခန့်က စပါး တင်း ၁,၅၀၀ ဆံ့ စက်လှေတစ်စီးသည် တစ်ဘက်မှလာသော စီဘီတွဲသင်္ဘောအား ရှောင်ကွင်းစဉ် ကမ်းနဘေးရှိ လတာပြင်ကို မေးတင်မိရာမှ ပဲ့ပိုင်း ရေဝင်နစ်မြုပ်ကာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။အဆိုပါ ဖြစ်စဉ်ကြောင့် စက်လှေပေါ်ပါ လူတစ်ဦး ပျောက်ဆုံးလျက်ရှိရာ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များသည် စက်လှေတစ်စီးဖြင့် သွားရောက်၍ ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သော်လည်း ည ၉ နာရီ မိနစ် ၄၀ အထိ မတွေ့ရှိသေးသဖြင့် ခေတ္တ ရပ်နားထားကြောင်း သိရသည်။
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ရွေးမြစ်အတွင်း စက်လှေ တိမ်းမှောက်မှုဖြစ်ပွားပြီး လူတစ်ဦး ပျောက်ဆုံး
Aug 20 • 3:34 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 41 | 0 | 0 | 0 |


