back

ဗီယက်နမ် မြူးနစ်မြို့မှ ပြန်လည်ထွက်ခွာသည့် လေယာဉ် မတော်တဆဖြစ်ပွားမှု ပဏာမ အစီရင်ခံစာ ထွက်ရှိ

Aug 20 • 3:33 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗီယက်နမ် မြူးနစ်မြို့မှ ပြန်လည်ထွက်ခွာသည့် လေယာဉ် မတော်တဆဖြစ်ပွားမှု ပဏာမ အစီရင်ခံစာ ထွက်ရှိ

ဂျာမနီနိုင်ငံ မြူးနစ် (Munich) လေဆိပ်မှ ဟနွိုင်းသို့ ပျံသန်းမည့် ဗီယက်နမ် လေကြောင်းလိုင်းမှ ဘိုအင်း ၇၈၇-၉ (Boeing 787-9) ခရီးသည်တင် လေယာဉ် (ခရီးစဉ်အမှတ် VN34) သ...

ဂျာမနီနိုင်ငံ မြူးနစ် (Munich) လေဆိပ်မှ ဟနွိုင်းသို့ ပျံသန်းမည့် ဗီယက်နမ် လေကြောင်းလိုင်းမှ ဘိုအင်း ၇၈၇-၉ (Boeing 787-9) ခရီးသည်တင် လေယာဉ် (ခရီးစဉ်အမှတ် VN34) သည် ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်၌ ပြေးလမ်းပေါ်မှ စတင်ထွက်ခွာချိန်တွင် အရှိန်လျော့နည်းသွားပြီး လေယာဉ်အမြီးပိုင်း ပြေးလမ်းနှင့် ထိခိုက်မှု (Tail-Strike) နှင့် တာယာပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပါသည်။၎င်းဖြစ်စဉ်အပြီး ယမန်နေ့၌ ဗီယက်နမ် လေကြောင်း အာဏာပိုင်အဖွဲ့၏ ပဏာမ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ ထုတ်ပြန်လာပါသည်။ လေယာဉ်ပေါ်တွင် ခရီးသည် ၂၇၁ ဦးနှင့် လေယာဉ်အမှုထမ်း ၁၆ ဦး ပါဝင်ပြီး ပျံသန်းပြီးနောက် တာယာ လေဖိအား လျော့နည်းမှုနှင့် အမြီးပိုင်း ထိခိုက်မှု သတိပေးချက်များ ထွက်ပေါ်လာသဖြင့် ဆီများ စွန့်ထုတ်ကာ မြူးနစ် လေဆိပ်သို့ ဘေးကင်းစွာ ပြန်လည် ဆင်းသက်ခဲ့ရသည်။ စစ်ဆေးမှုများအရ လေယာဉ်၏ ပင်မဘီး တာယာ ၄ လုံး ပေါက်ကွဲခဲ့ပြီး အောက်ခြေ ကိုယ်ထည်၌ ပွတ်တိုက်ရာဒဏ်ရာများနှင့် စုတ်ပြဲမှုများ တွေ့ရှိရသဖြင့် လက်ရှိတွင် မြူးနစ် လေဆိပ်၌ပင် လေယာဉ်ကို ခေတ္တရပ်နားထားကာ ဂျာမနီနှင့် ဗီယက်နမ် အာဏာပိုင်များ ပူးပေါင်း၍ အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိသည်။

news-view-count-icon

14