back

ဧရာဝတီတိုင်းဒေသကြီး၊တလုတ်ထော်တွင် ရေထပ်မံမြင့်တက်၍ ရေဘေးသင့်ပြည်သူများ ညတွင်းချင်း ရွှေ့ပြောင်းရပြီး အမျိုးသမီးတစ်ဦး ရေနစ်သေဆုံး

Aug 19 • 12:18 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီး၊တလုတ်ထော်တွင် ရေထပ်မံမြင့်တက်၍ ရေဘေးသင့်ပြည်သူများ ညတွင်းချင်း ရွှေ့ပြောင်းရပြီး အမျိုးသမီးတစ်ဦး ရေနစ်သေဆုံး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ တလုတ်ထော်မြို့နယ်၊ လဟာပကျေးရွာတွင် ဩဂုတ်လ ၁၇ ရက် ညပိုင်းက ရေထပ်မံမြင့်တက်လာမှုကြောင့် ရေအနက် လူတစ်ရပ်ကျော်အထိ ဖုံးလွှမ်းသွား...

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ တလုတ်ထော်မြို့နယ်၊ လဟာပကျေးရွာတွင် ဩဂုတ်လ ၁၇ ရက် ညပိုင်းက ရေထပ်မံမြင့်တက်လာမှုကြောင့် ရေအနက် လူတစ်ရပ်ကျော်အထိ ဖုံးလွှမ်းသွားခဲ့ပြီး ရေဘေးသင့် ပြည်သူ ၅၇ ဦးကို မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများက တလုတ်ထော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းသို့ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။ အဆိုပါ ရေကြီးမှုအတွင်း ယာယီခိုလှုံရာမှ မိမိနေအိမ်ကို ပြန်ကြည့်သည့် အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ခြေချော်လဲကျကာ ရေနစ်သေဆုံးခဲ့ပြီး၊ ကျေးရွာအတွင်း ကျန်ရှိနေသေးသူများကို ထပ်မံရွှေ့ပြောင်းပေးနိုင်ရေး ဆက်လက် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

news-view-count-icon

35