ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း ဦးဆောင်သော အဖွဲ့သည် အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့ရှိ ရုပ်ရှင်နှင့် ရုပ်သံထုတ်လွှင့်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများသို့ သွားရောက်လေ့လာခဲ့ပြီး နှစ်နိုင်ငံအကြား ပြန်ကြားရေး၊ ရုပ်ရှင်၊ ရုပ်မြင်သံကြားနှင့် ဒစ်ဂျစ်တယ် မီဒီယာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါခရီးစဉ်အတွင်း Ramoji Film City၊ Eenadu Television (ETV)၊ NABARD နှင့် ITI အဖွဲ့အစည်းများအပြင် Object One နှင့် Kalgudi ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရုပ်ရှင်ရိုက်ကူးရေးစတူဒီယိုများ၊ Virtual Effect အသုံးပြုမှုများ၊ OTT Platform Development၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် စိုက်ပျိုးရေး/ကျေးလက်ဒေသ အသိပညာပေး လုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
မြန်မာ-အိန္ဒိယ ရုပ်ရှင်၊ ရုပ်သံထုတ်လွှင့်ရေးနှင့် ဒစ်ဂျစ်တယ်မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
Aug 19 • 12:17 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 30 | 0 | 0 | 0 |


