ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့နယ်တွင် ငဝန်မြစ်ရေ ဝင်ရောက်မှုကြောင့် ရပ်ကွက်အများအပြား ရေနစ်မြုပ်နေစဉ် ဩဂုတ် ၁၈ ရက် ည ၈ နာရီခန့်က ဘုရားလမ်းနှင့် အောင်ဇေယျလမ်းဆုံ၌ အမည်မသိ လူငယ်တစ်ဦး ထပ်မံ ရေနစ်သေဆုံးခဲ့သည်။လေးမျက်နှာမြို့၊ မြစ်ကျိုးကျေးရွာအနီးရှိ ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် ဒေသအတွင်း ရေလွှမ်းမိုးနေသည်မှာ ရက် ၂၀ ခန့် ရှိလာပြီး သေဆုံးသူဦးရေလည်း တိုးပွားလာနေသည်။ ဩဂုတ် ၅ ရက်က အိုင်သပြုကျေးရွာအနီး ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်နေသည့် လူငယ်တစ်ဦး ရေနစ်သေဆုံးခဲ့သည့်အပြင် လေးမျက်နှာမြို့၌ အမျိုးသမီးကြီးတစ်ဦးနှင့် လဟာပကျေးရွာ၌ အမျိုးသမီးတစ်ဦးတို့ ရေနစ်သေဆုံးခဲ့ရာ လက်ရှိတွင် တရားဝင် စာရင်းများအရ ရေနစ်သေဆုံးသူ ၄ ဦးအထိ ရှိလာခဲ့သည်။ထို့အပြင် အရေးပေါ် ဆေးအကူအညီ ရယူရန် ခက်ခဲမှုကြောင့် သေဆုံးသူများလည်း ရှိနေပြီး ရေဘေးဒဏ်ကြောင့် အမှန်တကယ် သေဆုံးသူ အရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေသူများက ပြောဆိုသည်။
| 46 | 0 | 0 | 0 |


