ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ အမှတ် (၁) ရပ်ကွက်၊ ကာဝန်းဟောင်း တိုက်တန်းအနီးတွင် သေဆုံးနေသည့် အမျိုးသား ရုပ်အလောင်းတစ်ခုကို ဩဂုတ် ၁၈ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့သည်။သေဆုံးသူမှာ ရောဂါအခံရှိသည့် အိမ်ခြေယာမဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး တာဝန်ရှိသူများနှင့် ပရဟိတအဖွဲ့များက သွားရောက်စစ်ဆေးကာ ရုပ်အလောင်းကို လားရှိုးဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။လားရှိုးမြို့တွင် အိမ်ခြေယာမဲ့ သေဆုံးမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့်ရက်ပိုင်းကလည်း အမှတ် (၅) ရပ်ကွက်၌ အမျိုးသားတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Aug 19 • 2:34 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 36 | 0 | 0 | 0 |


