back

ပြည်တွင်း၌ 5G ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနိုင်ရေး ဆောင်ရွက်နေ

Aug 19 • 2:32 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း၌ 5G ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနိုင်ရေး ဆောင်ရွက်နေ

မြန်မာနိုင်ငံတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ စတုတ္ထသုံးလပတ်အတွင်း 5G ဝန်ဆောင်မှု စတင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွ...

မြန်မာနိုင်ငံတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ စတုတ္ထသုံးလပတ်အတွင်း 5G ဝန်ဆောင်မှု စတင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။5G နည်းပညာ ဝန်ဆောင်မှုပေးနိုင်ရန် 2600 MHz လှိုင်းနှုန်းစဉ်ကို သတ်မှတ်ချထားပေးပြီး ဖြစ်ကာ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် တစ်နှစ်အတွင်း စခန်းပေါင်း ၁,၀၀၀ ခန့် တည်ဆောက်၍ ဝန်ဆောင်မှုပေးရန် ရည်မှန်းထားသည်။လက်ရှိတွင် အော်ပရေတာများက 5G နည်းပညာ စမ်းသပ်မှုများ ဆောင်ရွက်ပြီးဖြစ်၍ အရည်အသွေးကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် ကွန်ရက်အတွက် 5G Task Force ကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။

news-view-count-icon

69