ထိုင်းနိုင်ငံ၊ Samut Prakan ပြည်နယ်၊ ဆရီနာကာရင် လမ်းပေါ်၌ ဩဂုတ်လ ၁၈ ရက် နံနက် ၂ နာရီခန့်က ပြိုင်ဘက်များကို ဆိုင်ကယ်ဖြင့် လိုက်လံပစ်ခတ်ခဲ့သဖြင့် လူနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် အသက် ၁၆ နှစ်နှင့် ၁၉ နှစ်အရွယ် လူငယ်နှစ်ဦးကို ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများမှတစ်ဆင့် နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများ၏ နေအိမ်မှ အွန်လိုင်းမှ မှာယူထားသော တရားမဝင် သေနတ်များနှင့် ရိုင်ဖယ်သေနတ်များကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား လူသတ်ရန် ကြံစည်မှု၊ လက်နက်မှုတို့ဖြင့် စွဲချက်တင်ထားပြီး အွန်လိုင်း လက်နက်ရောင်းဝယ်မှုများကို စုံစမ်းစစ်ဆေးလျက်ရှိသည့်အပြင် လွတ်မြောက်နေသည့် သံသယရှိသူ ၇ ဦးခန့်ကိုလည်း ဆက်လက် ရှာဖွေလျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊Samut Prakan တွင် လူနှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် လူငယ်နှစ်ဦးကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိ
Aug 18 • 1:41 PM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


