ဩဂုတ်လ ၁၈ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ အာဏာပိုင်များ ပူးပေါင်း၍ ဘန်ကောက်မြို့ Din Daeng တိုက်ခန်းတွဲများကို ဝင်ရောက်စီးနင်းခဲ့ရာ အခန်းတစ်ခန်းတည်း၌ နိုင်ငံခြားသား ကလေးငယ် ၁၆ ဦးကျော်အထိ တရားမဝင် စာရင်းသွင်းထားသည့် ထူးခြားချက်များ တွေ့ရှိခဲ့ပြီး ပန်းရောင်မှတ်ပုံတင်ကတ်အတု (ကတ်အမှတ် ၇) ပြုလုပ်ပေးသည့် ဂိုဏ်းနှင့် ဆက်စပ်သူ အစိုးရအရာရှိ ၃ ဦး အပါအဝင် စုစုပေါင်း ၇ ဦးကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးခဲ့သည်။ အဆိုပါ စစ်ဆင်ရေးအတွင်း တိုက်ခန်းပေါင်း ၅,၇၂၆ ခန်းကို ရှာဖွေရာ၌ နိုင်ငံခြားသား ကလေးငယ် ၁,၃၆၆ ဦးနှင့် နိုင်ငံကူးလက်မှတ် စသည့် စာရွက်စာတမ်းများကို သိမ်းဆည်းရမိခဲ့ပြီး ယင်းကဲ့သို့ တရားမဝင် ပန်းရောင်ကတ် ရရှိသွားသူများသည် ငွေကြေးလိမ်လည်မှု၊ ဆိုက်ဘာရာဇဝတ်မှုများနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများနှင့် ဆက်စပ်နေနိုင်ကြောင်း သုံးသပ်ထားကာ ဖမ်းဆီးရမိသူများကို ဥပဒေအရ ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ဘန်ကောက်ရှိ Din Daeng တိုက်ခန်းများကို ဝင်ရောက်စီးနင်းကာ ပန်းရောင်မှတ်ပုံတင်အတု ပြုလုပ်ပေးသည့် ဂိုဏ်းအား ဖမ်းဆီး
Aug 18 • 1:40 PM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


