back

ထိုင်းနိုင်ငံတွင် အလုပ်သမားဥပဒေ ပြင်ဆင်ချက်နှင့် စံချိန်စံညွှန်း ၄ ခုကို အစိုးရအဖွဲ့ အတည်ပြု

Aug 18 • 1:38 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင် အလုပ်သမားဥပဒေ ပြင်ဆင်ချက်နှင့် စံချိန်စံညွှန်း ၄ ခုကို အစိုးရအဖွဲ့ အတည်ပြု

ထိုင်းနိုင်ငံ အစိုးရအဖွဲ့ အစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာနက အဆိုပြုထားသည့် ရေကြောင်းအလုပ်သမားဥပဒေ၊ အိမ်ဖော်များ အကာအကွယ်ပေးရေး အက်ဥပဒေ မူကြမ်း ၂ ခုနှင့် အလုပ်သ...

ထိုင်းနိုင်ငံ အစိုးရအဖွဲ့ အစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာနက အဆိုပြုထားသည့် ရေကြောင်းအလုပ်သမားဥပဒေ၊ အိမ်ဖော်များ အကာအကွယ်ပေးရေး အက်ဥပဒေ မူကြမ်း ၂ ခုနှင့် အလုပ်သမား စံချိန်စံညွှန်း ၄ ခုကို ဩဂုတ်လ ၁၈ ရက်နေ့၌ အတည်ပြုလိုက်သည်။ အဆိုပါ ပြင်ဆင်ချက်များတွင် အလုပ်လုပ်ရန် အနိမ့်ဆုံးအသက်ကို ၁၅ နှစ်ဟု သတ်မှတ်ခြင်း၊ ၁၅ နှစ်အောက် ကလေးငှားရမ်းပါက ထောင်ဒဏ် ၂ နှစ်အထိ သို့မဟုတ် ဘတ် ၄ သိန်းမှ ၈ သိန်းအထိ ဒဏ်ငွေချမှတ်ခြင်း၊ အသက် ၁၈ နှစ်အောက် ကလေးနှင့် ကိုယ်ဝန်ဆောင်များအား အန္တရာယ်ရှိသော အလုပ်များတွင် ငှားရမ်းခွင့်မပြုခြင်းနှင့် ၁၈ နှစ်အောက် ရေယာဉ်လုပ်သားများကို ည ၁၀ နာရီမှ နံနက် ၆ နာရီအတွင်း အလုပ်လုပ်ခွင့် မပြုခြင်းတို့ အပါအဝင် ဒစ်ဂျစ်တယ်ခေတ် အလုပ်အကိုင် ပုံစံအသစ်များအတွက် အိမ်ဖော်များ အကာအကွယ်ပေးရေး စည်းကမ်းချက်များ ပါဝင်ကြောင်း သိရသည်။

news-view-count-icon

15