back

စင်ကာပူ၏ Boat Quay နှင့် Clarke Quay ဒေသများအား အဓိက အပန်းဖြေဇုန်အဖြစ် ဆက်လက် တိုးမြှင့်ဖော်ဆောင်

Aug 18 • 1:37 PM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူ၏ Boat Quay နှင့် Clarke Quay ဒေသများအား အဓိက အပန်းဖြေဇုန်အဖြစ် ဆက်လက် တိုးမြှင့်ဖော်ဆောင်

စင်ကာပူနိုင်ငံ Boat Quay နှင့် Clarke Quay ဒေသများ၌ အရက်သေစာ ရောင်းချချိန် တိုးမြှင့်ပေးခြင်းနှင့် Circular Road တွင် အပတ်စဉ် စနေ၊ တနင်္ဂနွေ ကားကင်းစင်ဇုန် ဖော်...

စင်ကာပူနိုင်ငံ Boat Quay နှင့် Clarke Quay ဒေသများ၌ အရက်သေစာ ရောင်းချချိန် တိုးမြှင့်ပေးခြင်းနှင့် Circular Road တွင် အပတ်စဉ် စနေ၊ တနင်္ဂနွေ ကားကင်းစင်ဇုန် ဖော်ဆောင်ခြင်း စသည့် ၁ နှစ်တာ စမ်းသပ်စီမံချက် အောင်မြင်ခဲ့သဖြင့် အဆိုပါ စည်းကမ်းချက်များကို ဆက်လက် ကျင့်သုံးသွားမည်ဖြစ်ကြောင်း The Straits Times ၏ ဖော်ပြချက်အရ သိရသည်။ Ministry of Trade and Industry၊ Ministry of National Development နှင့် Ministry of Home Affairs တို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဩဂုတ်လမှ စတင်ကာ ၁၆ နှစ်ကြာ ရပ်ဆိုင်းထားခဲ့သည့် ဘားနှင့် ညကလပ်သစ် ဖွင့်လှစ်ခွင့် လျှောက်လွှာ ၃၇ စောင်နှင့် အရက်ရောင်းချချိန် တိုးမြှင့်ခွင့် လျှောက်လွှာ ၉၂ စောင်ကို အတည်ပြုပေးခဲ့ရာ အဆိုပါ ဆောင်ရွက်ချက်များသည် ခရီးသွားလုပ်ငန်း၊ ညဘက် ဖျော်ဖြေရေးကဏ္ဍနှင့် စီးပွားရေး စည်ကားမှုကို အထောက်အကူပြုနိုင်မည်ဖြစ်ပြီး Singapore River One အဖွဲ့အစည်းနှင့် ပူးပေါင်း၍ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားပေးလျက် ရှိသည့်အပြင် လာမည့် အောက်တိုဘာလ Halloween ပွဲတော်တွင်လည်း Circular Road ကို ကားကင်းစင်ဇုန်အဖြစ် ပြန်လည်ပြောင်းလဲသွားမည် ဖြစ်သည်။

news-view-count-icon

13