ယူအေအီနိုင်ငံ၊ဒူဘိုင်းမြို့၌ အိမ်ငှားခများကို တစ်ပေါင်းတည်း ကြိုတင်ပေးချေရသဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဘဏ်ချေးငွေများ ယူနေရသည့် အိမ်ငှားများ၏ ဝန်ထုတ်ဝန်ပိုးကို လျှော့ချရန် "Rent Now, Pay Later" စနစ်ကို လာမည့် စက်တင်ဘာလတွင် စတင်ရန် စီစဉ်လျက်ရှိသည်။စနစ်သစ်အရ ပူးပေါင်းပါဝင်သည့် ဘဏ်များက အိမ်ရှင်ထံသို့ တစ်နှစ်စာ အိမ်ငှားခ ပေးချေပေးမည်ဖြစ်ပြီး အိမ်ငှားများက ဘဏ်သို့ ၁၂ လအထိ အတိုးမဲ့ လစဉ်ခွဲ၍ ပြန်လည်ပေးချေရမည်ဖြစ်သည်။ ယင်းစီမံကိန်းသည် အိမ်ငှားများအတွက် ငွေကြေးသုံးစွဲမှု မျှတစေမည့်အပြင် အိမ်ရှင်များအတွက်လည်း အိမ်ငှားခ ပုံမှန်ရရှိစေမည်ဖြစ်သည်။
ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ အိမ်ငှားခများကို ၁၂ လအထိ အတိုးမဲ့ ခွဲခြားပေးချေနိုင်မည့် စနစ်သစ် မကြာမီ စတင်မည်ဖြစ်
Aug 18 • 7:14 AM
UAE
ပြည်တွင်းသတင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


