back

တောင်ကိုရီးယား၌ Gen Z လူငယ်များ အကြား K-Pop Fan Culture နှင့် ဗုဒ္ဓဘာသာ တရားတော်များကို ပေါင်းစပ်ဖော်ပြသည့် စာအုပ်သစ် ရေပန်းစားလျက်ရှိ

Aug 18 • 6:54 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယား၌ Gen Z လူငယ်များ အကြား K-Pop Fan Culture နှင့် ဗုဒ္ဓဘာသာ တရားတော်များကို ပေါင်းစပ်ဖော်ပြသည့် စာအုပ်သစ် ရေပန်းစားလျက်ရှိ

တောင်ကိုရီးယားနိုင်ငံရှိ Gen Z မျိုးဆက် လူငယ်များအကြား K-pop၊ Anime နှင့် အားကစား Fan Culture အလေ့အထများကို ဗုဒ္ဓဘာသာ တရားတော်များနှင့် ယှဉ်တွဲ၍ ဆန်းသစ်စွာ ပုံဖ...

တောင်ကိုရီးယားနိုင်ငံရှိ Gen Z မျိုးဆက် လူငယ်များအကြား K-pop၊ Anime နှင့် အားကစား Fan Culture အလေ့အထများကို ဗုဒ္ဓဘာသာ တရားတော်များနှင့် ယှဉ်တွဲ၍ ဆန်းသစ်စွာ ပုံဖော်ထားသည့် စာအုပ်တစ်အုပ် လူကြိုက်များလျက်ရှိသည်။ အသက် ၂၈ နှစ်အရွယ် ဗုဒ္ဓဘာသာ ပန်းချီဆရာမနှင့် ရုပ်ပုံပြ စာရေးဆရာမ Gye So-young သည် သူမ၏ ပထမဆုံး အက်ဆေးပေါင်းချုပ် စာအုပ်ဖြစ်သော "The Buddha Is My Bias: An Otaku's At-Home Exploration of Buddhism" ကို Bulkwang Publishing မှတစ်ဆင့် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

ဆရာမ Gye So-young သည် K-pop စတားများဖြစ်ကြသည့် G-Dragon၊ BLACKPINK မှ Jennie နှင့် ရေပန်းစားသော ဘေ့စ်ဘောစတား Shohei Ohtani တို့အပေါ် ထားရှိသည့် Fan များ၏ ရူးသွပ်မြတ်နိုးမှုကို ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်များနှင့် နှိုင်းယှဉ်၍ ပေါ့ပါးရွှင်လန်းသော ရေးဟန်ဖြင့် တင်ပြထားသည်။ ဥပမာအားဖြင့် အရာရာသည် မမြဲသော ဟူသော အနိစ္စသဘောတရားကို G-Dragon ၏ "Crooked" သီချင်းပါ စာသားများနှင့် နှိုင်းယှဉ်ပြထားပြီး ကမ္မဘောဟူသော ကံ၊ ကံ၏အကျိုးကို အခြားသူများ စွန့်ပစ်ခဲ့သည့် အမှိုက်များကို ကောက်ယူခြင်းဖြင့် ကံကောင်းခြင်းများကို စုဆောင်းသည်ဟု ဆိုခဲ့သော Shohei Ohtani ၏ အယူအဆနှင့် တွဲဖက်ဖော်ပြထားသည်။ယခင်က တင်းကျပ်ပြီး လေးနက်လွန်းသည်ဟု ယူဆရသည့် ဘာသာရေးဆိုင်ရာ အယူအဆများကို လူငယ်များ၏ Pop Culture ခံယူချက်များနှင့် ပေါင်းစပ်ပေးထားသဖြင့် Gen Z စာဖတ်သူများအကြား အတားအဆီးမရှိ လက်ခံနိုင်ဖွယ်ဖြစ်စေခဲ့သည်။ စာရေးသူသည် "Biguni Yeonseupsaeng" (ဘိက္ခုနီ သင်တန်းသူ) အမည်ရှိ YouTube သတင်းစဉ်ကိုလည်း လှုပ်ရှားလျက်ရှိပြီး ယခုစာအုပ်သည် ဘဝ၏ ခက်ခဲသော စိန်ခေါ်မှုများနှင့် စိတ်ဒဏ်ရာများကို ဗုဒ္ဓတရားတော်များဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ပုံကို လူငယ်ဆန်ဆန် အားပေးကူညီထားသည့် စာအုပ်တစ်အုပ်လည်း ဖြစ်သည်။

news-view-count-icon

13