back

တောင်ကိုရီးယားတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် တစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ

Aug 17 • 12:21 PM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယားတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် တစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ

တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂျောင်ဆန်တောင်ပိုင်းပြည်နယ်၊ ဂျီယိုဂျဲမြို့ရှိ လူနေတိုက်ခန်း အဆောက်အအုံတစ်ခုတွင် မြေပြိုမှု...

တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂျောင်ဆန်တောင်ပိုင်းပြည်နယ်၊ ဂျီယိုဂျဲမြို့ရှိ လူနေတိုက်ခန်း အဆောက်အအုံတစ်ခုတွင် မြေပြိုမှုဖြစ်ပွားပြီး အဆောက်အအုံ ပထမထပ်အထိ မြေကြီးများ ဖုံးလွှမ်းခဲ့ကြောင်း တနင်္လာနေ့တွင် ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။ ဖြစ်စဉ်အတွင်း ကယ်ဆယ်ရေးလုပ်သားများက အဆောက်အအုံထဲမှ လူသုံးဦးကို ကယ်ထုတ်နိုင်ခဲ့သော်လည်း တစ်ဦးမှာ ဆေးရုံ၌ သေဆုံးသွားခဲ့ကာ အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

news-view-count-icon

13