back

တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု အင်အား သိသိသာသာ လျှော့ချရန် ထရမ့်ပ် အမိန့်ပေး

Aug 17 • 12:20 PM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု အင်အား သိသိသာသာ လျှော့ချရန် ထရမ့်ပ် အမိန့်ပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တောင်ကိုရီးယားနှင့် ပြုလုပ်နေသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၏ အင်အားနှင့် ပမာဏကို သိသိသာသာ လျှော့ချရန် ပင်တဂွန်ကို အမိန့်ပေးထားကြ...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တောင်ကိုရီးယားနှင့် ပြုလုပ်နေသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၏ အင်အားနှင့် ပမာဏကို သိသိသာသာ လျှော့ချရန် ပင်တဂွန်ကို အမိန့်ပေးထားကြောင်း တနင်္ဂနွေနေ့တွင် Truth Social မှတစ်ဆင့် ပြောကြားခဲ့သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုများသည် ကုန်ကျစရိတ်များပြားပြီး မြောက်ကိုရီးယားအပေါ် ရန်လိုရာရောက်ကြောင်း ထရမ့်ပ်က ဆိုကာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နှင့် မိမိအကြား ကောင်းမွန်သည့် ဆက်ဆံရေး ရှိနေချိန်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ဆက်လက် ပြုလုပ်နေခြင်းအပေါ် မကျေနပ်ကြောင်းလည်း ထည့်သွင်း ပြောဆိုခဲ့သည်။

news-view-count-icon

13