တရုတ်နိုင်ငံ၌ ဇူလိုင်လအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူသစ် ၅၂၂,၀၀၀ ဦး၊ ပြင်းထန်လူနာ ၄၈၇ ဦးနှင့် သေဆုံးသူ ၁ ဦး ရှိခဲ့ပြီး ယခုကဲ့သို့ ကူးစက်မှု မြင့်တက်လာခြင်းမှာ လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရာသီအလိုက် ပုံမှန် ကူးစက်မှုလှိုင်း တစ်ခုသာ ဖြစ်ကြောင်း တရုတ် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (Chinese CDC) က သတင်းထုတ်ပြန်ခဲ့သည်။ ရောဂါဖြစ်ပွားမှုမှာ လက်ရှိတွင် အမြင့်ဆုံးအဆင့် (plateau phase) သို့ ရောက်ရှိနေပြီး တွေ့ရှိရသည့် ဗိုင်းရပ်စ်အားလုံးမှာ အိုမီခရွန် ဗီဇပြောင်း မျိုးစိတ်များ ဖြစ်ကြသည်။ လူထု၏ ခုခံအား လျော့ကျလာခြင်း၊ ဗိုင်းရပ်စ် ဗီဇပြောင်းလာခြင်းနှင့် နွေရာသီ ကျောင်းပိတ်ရက်အတွင်း ခရီးသွားလာမှု များပြားခြင်းတို့ကြောင့် ကူးစက်မှု ပြန်လည်မြင့်တက်ရခြင်း ဖြစ်သော်လည်း ရောဂါလက္ခဏာများ ပေါ့ပါးသည့်အတွက် ကျန်းမာရေးစနစ်အပေါ် လွှမ်းမိုးထိခိုက်မှု မရှိကြောင်းနှင့် ဩဂုတ်လနှောင်းပိုင်းတွင် ကူးစက်မှုများ ပြန်လည်ကျဆင်းမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
Aug 17 • 12:06 PM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


