ကမ္ဘောဒီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် အချိန်အတော်ကြာ နှောင့်နှေးနေခဲ့သည့် "အန်ကော ဆန်တီနယ်" ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လာမည့် ၂၀၂၇ ခုနှစ်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ဖနွမ်းပင်မြို့၌ ဝန်ကြီးချုပ် ဟွန်မာနက်နှင့် ပင်တဂွန်၏ မူဝါဒရေးရာ ထိပ်တန်းအရာရှိ အယ်လ်ဘရစ်ချ်တို့ တွေ့ဆုံခဲ့ပြီးနောက် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ် ပြန်လည်ပြုလုပ်မည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ကြေညာခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ပြန်လည်စတင်ခြင်းသည် နှစ်နိုင်ငံ တပ်မတော်များအကြား ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ပေးနိုင်မည်ဖြစ်ပြီး ကာကွယ်ရေးကဏ္ဍ အပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေးတွင် အပြုသဘောဆောင်သည့် တိုးတက်မှုဖြစ်ကြောင်းလည်း ၎င်းက ဖေ့ဘွတ်ခ်တွင် ရေးသားခဲ့သည်။
Aug 17 • 12:04 PM
ကမ္ဘောဒီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


