back

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၌ တရားမဝင် ပွဲစားဂိုဏ်းကို ဖမ်းဆီးရာ မြန်မာ ၉၃ ဦး အပါအဝင် ၁၂၇ ဦး ဖမ်းဆီးခံရ

Aug 17 • 1:56 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၌ တရားမဝင် ပွဲစားဂိုဏ်းကို ဖမ်းဆီးရာ မြန်မာ ၉၃ ဦး အပါအဝင် ၁၂၇ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ၊ ဂျိုဟိုး (Johor) ပြည်နယ်၌ စက်ရုံများသို့ တရားမဝင် နိုင်ငံခြားသား အလုပ်သမားများ ပို့ဆောင်ပေးနေသည့် ပွဲစားဂိုဏ်းကို အာဏာပိုင်များက အထူးစစ်ဆင်ရေးဖ...

မလေးရှားနိုင်ငံ၊ ဂျိုဟိုး (Johor) ပြည်နယ်၌ စက်ရုံများသို့ တရားမဝင် နိုင်ငံခြားသား အလုပ်သမားများ ပို့ဆောင်ပေးနေသည့် ပွဲစားဂိုဏ်းကို အာဏာပိုင်များက အထူးစစ်ဆင်ရေးဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား ၉၃ ဦး အပါအဝင် တရားမဝင် လုပ်သား ၁၂၇ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ဩဂုတ် ၁၁ ရက် ညပိုင်းက ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနသည် ဂျိုဟိုးဘာရူးမြို့ ပတ်ဝန်းကျင်ရှိ နေရာ ၃ နေရာကို ရှောင်တခင် ဝင်ရောက် ရှာဖွေခဲ့ရာ လစာငွေ ထုတ်ယူရန် စောင့်ဆိုင်းနေသည့် မြန်မာနိုင်ငံသား အမျိုးသမီး ၇၈ ဦးနှင့် အမျိုးသား ၁၅ ဦး၊ စုစုပေါင်း ၉၃ ဦးအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ပါကစ္စတန် နိုင်ငံသားများကို တရားမဝင် ပွဲစား ၄ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။အဆိုပါ စစ်ဆင်ရေးအတွင်း စက်ရုံအလုပ်သမား ၄၅၀ ဦး၏ လစာစလစ်များ၊ မလေးရှား ရင်းဂစ် ၇ သိန်း ၇ သောင်းကျော်နှင့် အခြား ဆက်စပ် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးခံရသူများအား လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့် အရေးယူရန် စတီယာထရိုပီကာ ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

17