ထိုင်းနိုင်ငံ၊ ပထုမ်ဌာနီခရိုင် (Pathum Thani) ရှိ အိမ်ရာတစ်ခုတွင် ဩဂုတ် ၁၆ ရက်နေ့က ဘတ် ၁ သန်းကျော် တန်ဖိုးရှိ ဇိမ်ခံ Hybrid EV မော်တော်ယာဉ်တစ်စီး ညအိပ် အားသွင်းထားရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။မီးသတ်တပ်ဖွဲ့ဝင်များက ၁ နာရီခန့်အကြာတွင် မီးကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ယာဉ်မောင်းခန်းမှာ ပြင်းထန်စွာ ပျက်စီးသွားခဲ့သည်။ အသက် ၃၆ နှစ်အရွယ် ကားပိုင်ရှင်သည် ဩဂုတ် ၁၅ ရက် ည ၁၀ နာရီတွင် ကားကို စတင်အားသွင်းခဲ့ပြီး ဩဂုတ် ၁၆ ရက် နံနက် ၈ နာရီခန့်တွင် လုံခြုံရေးဝန်ထမ်းမှ မီးခိုးများ ထွက်နေကြောင်း အကြောင်းကြားသဖြင့် သွားရောက်စစ်ဆေးရာမှ မီးလောင်မှုဖြစ်ပွားကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်။အဆိုပါ ဝယ်ယူထားသည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်သော ယာဉ်သည် မီးမလောင်မီ ဘာသတိပေးချက်မှ ပြသခဲ့ခြင်းမရှိဘဲ ဘက်ထရီ အပူလွန်ကဲမှု သို့မဟုတ် စနစ်ချို့ယွင်းမှုကြောင့် မီးလောင်ရခြင်းဟု ယူဆထားကြသည်။ လက်ရှိတွင် အာမခံကုမ္ပဏီနှင့် ဝန်ဆောင်မှုစင်တာတို့မှ အကြောင်းရင်းမှန်ကို စိစစ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ပထုမ်ဌာနီခရိုင်၌ ဘတ် ၁ သန်းကျော် တန်ဖိုးရှိ Hybrid EV ကား တစ်ညလုံး အားသွင်းထားရာမှ မီးလောင်မှုဖြစ်ပွား
Aug 17 • 1:55 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


