ဆွီဒင်နိုင်ငံ၊ မာလ်မိုမြို့၌ ဩဂုတ် ၁၅ ရက်က ယှဉ်ပြိုင်ခဲ့သော WTT Europe Smash Sweden ကမ္ဘာ့စားပွဲတင် တင်းနစ်ပြိုင်ပွဲ အမျိုးသမီး တစ်ဦးချင်း ကွာတားဖိုင်နယ် ပွဲစဉ်များတွင် တရုတ်နိုင်ငံမှ ဝမ်မန့်ယွိ၊ ဝမ်ရိသီ နှင့် ခွိုင်မန့်တို့ အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ကြောင်း သိရသည်။ကွာတားဖိုင်နယ် ပွဲစဉ်များတွင် နံပါတ် ၁ ဆီးဒ် တရုတ်ကစားသမား ဝမ်မန့်ယွိက တရုတ် ထိုင်ပေမှ ဖုန်ယွိဟန်ကို ၄-၁ ပွဲဖြင့်လည်းကောင်း၊ ဝမ်ရိသီက တစ်နိုင်ငံတည်းသူ ရှီရွှင်ရောင်ကို ၄ ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြသည်။ ထို့ပြင် ခွိုင်မန့်ကလည်း ဂျပန်ကစားသမား ဟိနာ ဟာယာတကို ၇ ပွဲအထိ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး အဆုံးအဖြတ်ပွဲတွင် ၁၁-၈ မှတ်၊ စုစုပေါင်း ၄-၃ ပွဲဖြင့် အနိုင်ရယူကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။ တရုတ်ကစားသမား ချန်ရီမှာမူ ဂျပန်နိုင်ငံမှ Miwa Harimoto ကို ရှုံးနိမ့်ခဲ့သဖြင့် ဆီမီးဖိုင်နယ်နှင့် လွဲချော်ခဲ့ရသည်။အမျိုးသား တစ်ဦးချင်း ကွာတားဖိုင်နယ် ပွဲစဉ်များတွင်မူ ဆလိုဗေးနီးယားမှ ဒါကို ယော်ဂစ်၊ ဂျပန်မှ တိုမိုခါဇု ဟာရိမိုတိုနှင့် ဆိုရ မာဆုရှိမ၊ ပြင်သစ်မှ ဖီးလစ်ဇ် လီဘရွန်းတို့က အသီးသီး အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့ကြသည်။
တရုတ် ကစားသမား သုံးဦး WTT Europe Smash တင်းနစ်ပြိုင်ပွဲ အမျိုးသမီး တစ်ဦးချင်း ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့
Aug 17 • 1:38 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


