အမေရိကန် နည်းပညာကုမ္ပဏီ Apple သည် တရုတ်ဈေးကွက်အတွက် သီးသန့် Large Language Model (LLM) တစ်ခုကို ကိုယ်တိုင် လေ့ကျင့်တည်ဆောက်လျက်ရှိကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။Apple သည် Alphabet စနစ်၏ ထောက်ပံ့မှုဖြင့် အဆိုပါ AI မော်ဒယ်ကို လေ့ကျင့်ပေးနေခြင်းဖြစ်ပြီး တရုတ်နိုင်ငံအတွင်း AI စနစ်များ စွမ်းဆောင်ရည် မြှင့်တင်ရန်အတွက် အခြားပြင်ပ မော်ဒယ်များကို မှီခိုသည့် မဟာဗျူဟာမှ ခွဲထွက်ကာ တရုတ်ဈေးကွက်အတွက် သီးသန့် LLM မော်ဒယ်ကို ကိုယ်တိုင် ဖန်တီးတည်ဆောက်သည့် နည်းလမ်းသို့ ပြောင်းလဲကျင့်သုံးလာခြင်း ဖြစ်သည်။
| 13 | 0 | 0 | 0 |


