back

ကမ္ဘောဒီးယားက ခရီးသွားကဏ္ဍ မြှင့်တင်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး လုပ်ဆောင်နေ

Aug 16 • 3:42 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယားက ခရီးသွားကဏ္ဍ မြှင့်တင်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး လုပ်ဆောင်နေ

ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားလုပ်ငန်း အလားအလာများကို ပိုမို ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ရေရှည်တည်တံ့သော စီးပွားရေးအဖြစ် ပြောင်းလဲနိုင်ရန်အတွက် အစိုးရနှင့် ပုဂ္ဂ...

ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားလုပ်ငန်း အလားအလာများကို ပိုမို ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ရေရှည်တည်တံ့သော စီးပွားရေးအဖြစ် ပြောင်းလဲနိုင်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှု (Public-Private Partnership) လိုအပ်ကြောင်း ပစိဖိတ်အာရှ ခရီးသွားအသင်း (PATA) ကမ္ဘောဒီးယားဌာနခွဲ ဥက္ကဋ္ဌ သွန်ဆီနန် (Thourn Sinan) က ပြောကြားလိုက်သည်။အစိုးရက မူဝါဒများ၊ အခြေခံအဆောက်အအုံနှင့် လုံခြုံရေးတို့ကို ဆောင်ရွက်ပေးနိုင်သော်လည်း ဈေးကွက်ကို တစ်ဦးတည်း ဖန်တီး၍ မရနိုင်ကြောင်း၊ ပုဂ္ဂလိကကဏ္ဍက ရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘာ့လှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သော်လည်း ခရီးစဉ်ဒေသတစ်ခုကို တည်တံ့အောင် တစ်ဦးတည်း မတည်ဆောက်နိုင်ကြောင်း ထောက်ပြထားသည်။ နှစ်ဖက်စလုံးက တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက်မှသာ သဘောထားကွဲလွဲမှုများကို ဆွေးနွေးပွဲများအဖြစ် ပြောင်းလဲနိုင်ပြီး အကြိမ်ကြိမ် လာရောက်သည့် ခရီးသွားများကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။ထို့အပြင် ခရီးသွားလာရေး ဝန်ကြီးဌာန ဝန်ကြီး ဟွတ်ဟက် (Huot Hak) ကလည်း အစိုးရ-ပုဂ္ဂလိက လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ဦးစီးကျင်းပခဲ့ပြီး ခရီးသွားကဏ္ဍ ပြန်လည်ဦးမော့လာစေရန် ပုဂ္ဂလိကဘက်မှ တင်ပြချက်များကို ဖြေရှင်းပေးလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုသည် စိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ် ပြောင်းလဲပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

news-view-count-icon

12