တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကိုဗစ်-၁၉ (COVID-19) အတည်ပြုလူနာသစ် ၅၂၂,၀၀၀ တွေ့ရှိခဲ့ပြီး ယင်းတို့အနက် ၄၈၇ ဦးမှာ ပြင်းထန်လူနာများ ဖြစ်ကြကာ တစ်ဦး သေဆုံးခဲ့ကြောင်း တရုတ် အမျိုးသား ရောဂါထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။လက်ရှိ ကူးစက်ခံရမှု မြင့်တက်လာခြင်းသည် ပုံမှန် ဖြစ်ပေါ်လေ့ရှိသည့် အချိန်ကာလအလိုက် ကူးစက်မှု လှိုင်းတစ်ခုမျှသာ ဖြစ်သော်လည်း ရောဂါ ပြင်းထန်မှု အခြေအနေမှာ လွန်ခဲ့သော နှစ်နှစ်အတွင်း တွေ့ရှိခဲ့ရသည့် ကူးစက်မှု မြင့်တက်မှုများနှင့် နှိုင်းယှဉ်နိုင်ကြောင်း တရုတ် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC)က ပြောကြားထားသည်။
တရုတ်၌ ဇူလိုင်လအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ သိန်းကျော် တွေ့ရှိခဲ့ပြီး ကူးစက်မှုများ ပြန်လည်မြင့်တက်နေ
Aug 16 • 3:09 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


