back

လာအိုနိုင်ငံသို့ ၂၀၂၆ ခုနှစ် ပထမ ၇ လအတွင်း အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ဆွဲဆောင်နိုင်ခဲ့

Aug 16 • 2:16 AM

breaking-news

လာအို

ပြည်တွင်းသတင်း

cover

လာအိုနိုင်ငံသို့ ၂၀၂၆ ခုနှစ် ပထမ ၇ လအတွင်း အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ဆွဲဆောင်နိုင်ခဲ့

လာအိုနိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမ ၇ လတာ ကာလအတွင်း စုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံ ရှိသည့် ခွင့်ပြုမိန့်နှင့် ထိန်းချုပ်လုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်...

လာအိုနိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမ ၇ လတာ ကာလအတွင်း စုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံ ရှိသည့် ခွင့်ပြုမိန့်နှင့် ထိန်းချုပ်လုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းပေါင်း ၃၄ ခုကို အတည်ပြု ပေးနိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ၆၈ ရာခိုင်နှုန်းအထိ သိသိသာသာ တိုးတက်လာခဲ့ကြောင်း သိရသည်။အဆိုပါ ခွင့်ပြုပေးခဲ့သည့် စီမံကိန်းများမှ အမှန်တကယ် စီးဝင်လာသည့် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာလည်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်အထိ ရှိခဲ့သည်။ ၁၉၈၉ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ လာအိုနိုင်ငံတွင် စုစုပေါင်း ဒေါ်လာ ၆၅.၅ ဘီလီယံတန်ဖိုးရှိ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၅,၃၉၄ ခုကို ခွင့်ပြုခဲ့ပြီးဖြစ်ရာ တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့သည် အများဆုံး ရင်းနှီးမြှုပ်နှံသူများ ဖြစ်ကြသည်။လာအို ဝန်ကြီးချုပ် ဆွန်းဆိုင်း စီဖန်ဒွန် (Sonexay Siphandone) က ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်များကို ပိုမို လျှင်မြန်၊ ပွင့်လင်းမြင်သာပြီး အဆင့်မီစွာ ဆောင်ရွက်ကြရန်နှင့် ခွင့်ပြုပြီး စီမံကိန်းများကိုလည်း စနစ်တကျ ကြပ်မတ်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဥပဒေများကို ပြင်ဆင်ရန်နှင့် စည်းမျဉ်းများ ဖောက်ဖျက်မှုများကို တင်းကျပ်စွာ အရေးယူရန်လည်း ညွှန်ကြားထားသည်။

news-view-count-icon

11