back

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ Mae Sa ရေတံခွန်၌ ရုတ်တရက် ရေကြီးမှုဖြစ်ပွား၍ ရေကစားနေသူများ သေဘေးမှ သီသီလေး လွတ်မြောက်ခဲ့

Aug 16 • 2:00 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ Mae Sa ရေတံခွန်၌ ရုတ်တရက် ရေကြီးမှုဖြစ်ပွား၍ ရေကစားနေသူများ သေဘေးမှ သီသီလေး လွတ်မြောက်ခဲ့

ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်၊ မယ်ရမ်မြို့နယ်ရှိ Doi Suthep-Pui အမျိုးသားဥယျာဉ်အတွင်းတည်ရှိသော Mae Sa ရေတံခွန်၌ ဩဂုတ် ၁၅ ရက် ညနေ ၃ နာရီခန့်တွင် ရေကစားနေသည့် ...

ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်၊ မယ်ရမ်မြို့နယ်ရှိ Doi Suthep-Pui အမျိုးသားဥယျာဉ်အတွင်းတည်ရှိသော Mae Sa ရေတံခွန်၌ ဩဂုတ် ၁၅ ရက် ညနေ ၃ နာရီခန့်တွင် ရေကစားနေသည့် နိုင်ငံခြားသား ခရီးသွားများသည် ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် ရေစီးနှင့်အတူ မျောပါသွားခဲ့သော်လည်း ဥယျာဉ်ဝန်ထမ်းများနှင့် အခြားခရီးသွားများက အချိန်မီ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ဥယျာဉ်ဝန်ထမ်းများ၏ ခရာမှုတ် အန္တရာယ်သတိပေးသံအပြီးတွင် ရေအလုံးအရင်း ရုတ်တရက် ကျဆင်းလာခဲ့ခြင်းဖြစ်ပြီး ရေစီးနှင့် မျောပါသွားသူများကို ကူညီပေးနိုင်ခဲ့ကာ အရေးပေါ် စစ်ဆေးမှုများအရ ပျောက်ဆုံးနေသူ မရှိကြောင်း သိရသည်။ ရေစီးနှင့် မျောပါသွားသည့် ခရီးသွားတစ်ဦးမှာ ဦးခေါင်း ထိခိုက်မှုကြောင့် မူးဝေသည့် လက္ခဏာများ ခံစားရသဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။လက်ရှိတွင် တာဝန်ရှိသူများက Mae Sa ရေတံခွန်၌ ရေဆင်းကူးခြင်းကို ပိတ်ပင်တားမြစ်ထားပြီး အနီရောင်အလံများနှင့် ကြိုးများ တားဆီး၍ ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားသည်။

news-view-count-icon

11