တရုတ်နိုင်ငံ၊ ဟဲနန်ပြည်နယ်၊ ကျိုးခိုမြို့၊ ချွမ်းဟွေ့ခရိုင်ရှိ ရှင်းပေဟွမ်တံတားအောက် ကျာလူမြစ် အရှေ့ဘက်ကမ်း ဆည်ရိုးသည် ပြီးခဲ့သည့် ဩဂုတ် ၁၃ ရက် ည ၁၁ နာရီခန့်က မြစ်ညာပိုင်းမှ ရေစီးဆင်းလာမှုနှင့် ရှားရင်မြစ် ရေပြန်လျှံတက်မှု ဖိအားတို့ကြောင့် ကျိုးပေါက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါ ဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် ဘက်ပေါင်းစုံမှ ကယ်ဆယ်ရေး အဖွဲ့များ ကျိုးခိုမြို့သို့ အမြန်ဆုံး ရောက်ရှိလာကာ ကျိုးပေါက်သွားသည့် ဆည်ရိုးအား ပိတ်ဆို့နိုင်ရေး အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် ဆည်ရိုးကျိုးပေါက်မှု ပိတ်ဆို့ခြင်း လုပ်ငန်းမှာ တစ်ဝက်ကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ၊ ဟဲနန်ပြည်နယ် ကျာလူမြစ် ဆည်ရိုးကျိုးပေါက်မှု ပိတ်ဆို့ရေး လုပ်ငန်းများ တစ်ဝက်ကျော် ပြီးစီး
Aug 16 • 1:37 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 8 | 0 | 0 | 0 |


