back

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ပထမဆုံး MRT လိမ္မော်ရောင် ရထားတွဲဆိုင်း ရောက်ရှိလာမည်ဖြစ်

Aug 16 • 1:36 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ပထမဆုံး MRT လိမ္မော်ရောင် ရထားတွဲဆိုင်း ရောက်ရှိလာမည်ဖြစ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ MRT လိမ္မော်ရောင်လိုင်း စီမံကိန်းအတွက် ပထမဆုံး ရထားကို လာမည့် ၂၀၂၆ ခုနှစ် နိုဝင်ဘာလကုန်တွင် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးမည်ဖြစ...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ MRT လိမ္မော်ရောင်လိုင်း စီမံကိန်းအတွက် ပထမဆုံး ရထားကို လာမည့် ၂၀၂၆ ခုနှစ် နိုဝင်ဘာလကုန်တွင် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ရထားလိုင်း ပြေးဆွဲရေး ကုမ္ပဏီ BEM က ကြေညာခဲ့သည်။အဆိုပါ ရထားများကို တူရကီနိုင်ငံရှိ Siemens စက်ရုံ၌ ထုတ်လုပ်နေခြင်းဖြစ်ပြီး တွဲဆိုင်း ၃ တွဲပါဝင်သော ရထား ၃၂ စင်း ပါဝင်သည်။ ပထမဆုံး ရထားကို အရည်အသွေး စမ်းသပ်ရန် ဂျာမနီနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကာ တူရကီ၌ စမ်းသပ်နေသည့် ဒုတိယမြောက် ရထားမှာ ထိုင်းနိုင်ငံသို့ ပထမဆုံး ရောက်ရှိလာမည် ဖြစ်သည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိပြီးနောက် ခရီးသည်တင် ပြေးဆွဲမှု မစတင်မီ ၆ လခန့် စမ်းသပ်မောင်းနှင်မှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်သည်။MRT လိမ္မော်ရောင်လိုင်း၏ အရှေ့ပိုင်း လမ်းပိုင်းကို ၂၀၂၇ ခုနှစ် နှောင်းပိုင်းတွင် စမ်းသပ် ပြေးဆွဲမည်ဖြစ်ပြီး ၂၀၂၈ ခုနှစ် အစောပိုင်းတွင် အပြည့်အဝ ဖွင့်လှစ်ရန် မျှော်မှန်းထားသည်။ ၃၅ ဒသမ ၉ ကီလိုမီတာ ရှည်လျားသည့် လမ်းပိုင်းတစ်ခုလုံးကို ၂၀၃၀ ပြည့်နှစ်တွင် အပြည့်အဝ ဖွင့်လှစ်နိုင်ပါက နေ့စဉ် ခရီးသည် ၃ သိန်းအထိ ပို့ဆောင်ပေးနိုင်မည် ဖြစ်သည်။

news-view-count-icon

8