ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လတ်ကဘန်ဒေသတွင် ဩဂုတ် ၁၃ ရက် နံနက် ၁၀ နာရီခွဲခန့်က လူဖြတ်ကူးရန် မီးနီပြနေသဖြင့် မီးနီစောင့်နေသည့် မြန်မာသားအဖနှစ်ဦး၏ ဆိုင်ကယ်ကို ဆယ်ဘီးတပ် ကုန်ကားတစ်စီးက နောက်မှ ဝင်တိုက်ခဲ့ကြောင်း သိရသည်။အဆိုပါ ယာဉ်မတော်တဆမှုကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာဇာတိဖြစ်သူ ဖခင် ဦးပါးကွက် (ခေါ်) ဦးခင်ဟန် မှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ပြီး သားဖြစ်သူမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သဖြင့် ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်။၎င်းတို့ သားအဖသည် ဘန်ကောက်မြို့တွင် နေထိုင်၍ အလုပ်လုပ်ကိုင်နေသူများဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်ပွားစဉ် ကားအောက်သို့ ဝင်ပါသွားခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်၌ မြန်မာသားအဖ စီးလာသည့်ဆိုင်ကယ် မီးနီစောင့်နေစဉ် ကုန်ကားဝင်တိုက်၍ ဖခင်ဖြစ်သူ သေဆုံး
Aug 14 • 1:54 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


