ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်၊ ဘန်ချန်းမြို့နယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ဩဂုတ် ၁၂ ရက်က အာဏာပိုင်များ ပူးပေါင်းစစ်ဆေးခဲ့ရာ တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၂၁ ဦးနှင့် တရုတ်နိုင်ငံသား ၃ ဦး (စုစုပေါင်း ၂၄ ဦး) ဖမ်းဆီးခံခဲ့ရသည်။အဆိုပါ ဖမ်းဆီးမှုအတွင်း မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည်မှာ ၁ လခန့်သာ ရှိသေးသည့် အသက် ၂၀ ကျော်အရွယ် မြန်မာ ချစ်သူစုံတွဲတစ်တွဲလည်း ပါဝင်ခဲ့သည်။ ဖမ်းဆီးခံရ၍ ကြောက်ရွံ့ငိုကြွေးနေသည့် အမျိုးသမီးဖြစ်သူကို အမျိုးသားဖြစ်သူက ဘေးမှ မခွာဘဲ ဖက်ထား၍ နှစ်သိမ့်အားပေးခဲ့သည်။မွေးရပ်မြေ မငြိမ်သက်မှုများကြောင့် ထိုင်းနိုင်ငံသို့ လာရောက်အလုပ်ရှာဖွေစဉ် ဥပဒေအရ အရေးယူခံရမည့် အခက်အခဲနှင့် ကြုံတွေ့နေရသော်လည်း ချစ်သူအား အနီးကပ် ကြင်နာစွာ အားပေးခဲ့သည့် မြင်ကွင်းကြောင့် ထိုင်းသတင်းမီဒီယာများနှင့် ကြည့်ရှုသူများက ဝိုင်းဝန်းစာနာ ချီးကျူးခဲ့ကြသည်။


