back

တရုတ်နိုင်ငံက AI အခြေပြု ရာသီဥတုခန့်မှန်းစနစ်များအပေါ် ပိုမိုအားစိုက်လာ

Aug 14 • 1:38 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံက AI အခြေပြု ရာသီဥတုခန့်မှန်းစနစ်များအပေါ် ပိုမိုအားစိုက်လာ

ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများ ပိုမိုဆိုးရွားလာချိန်တွင် တရုတ်နိုင်ငံသည် AI အခြေပြု ရာသီဥတု ခန့်မှန်းစနစ်များ ပိုမိုတီထွင် အသုံးပြုလာကြောင်း CNBC သတင်းတွင် ဖ...

ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများ ပိုမိုဆိုးရွားလာချိန်တွင် တရုတ်နိုင်ငံသည် AI အခြေပြု ရာသီဥတု ခန့်မှန်းစနစ်များ ပိုမိုတီထွင် အသုံးပြုလာကြောင်း CNBC သတင်းတွင် ဖော်ပြထားသည်။တရုတ်နိုင်ငံမှ တီထွင်ထားသည့် AI မော်ဒယ်များသည် ရာသီဥတုဆိုင်ရာ သမိုင်းဝင် အချက်အလက်များမှ ပုံစံများကို သင်ယူလေ့လာပြီး ခန့်မှန်းချက်များကို ထုတ်ပြန်ရာ၌ သမားရိုးကျ စနစ်များထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်ပြီး တိကျမှုအပိုင်းတွင်လည်း ပိုမိုသာလွန်ကြောင်း သုတေသီများက ပြောကြားထားသည်။မကြာသေးမီက မိုးလေဝသ ပညာရှင်များသည် တရုတ်နိုင်ငံသို့ ဦးတည်လာသည့် “ဒေါ်လ်ဖင်” တိုင်ဖွန်းမုန်တိုင်း လမ်းကြောင်းကို AI စနစ်များဖြင့် စောင့်ကြည့်စစ်ဆေးခဲ့ပြီး နည်းပညာအခြေပြု ရာသီဥတု ခန့်မှန်းချက် ကဏ္ဍတွင် တရုတ်၏ ဦးဆောင်နိုင်စွမ်းကို ပေါ်လွင်စေခဲ့သည်။

news-view-count-icon

10