ထိုင်းနိုင်ငံ၏ ဆက်သွယ်ရေးကော်မရှင် (NBTC) က မိုဘိုင်းလ်ဖုန်း အသုံးပြုသူများအနေဖြင့် ဩဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ SIM ကတ် မှတ်ပုံတင်ခြင်းနှင့် အချက်အလက် ပြင်ဆင်ခြင်းများကို ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။နည်းပညာဆိုင်ရာ ပြစ်မှုများနှင့် အမည်ပေါက်နှင့် အသုံးပြုသူ မတူညီသည့် "mule SIM" များကို နှိမ်နင်းရန် ရည်ရွယ်ခြင်းဖြစ်ပြီး အချက်အလက် ပြင်ဆင်ရန် လိုအပ်သူများကို မိုဘိုင်းလ်အော်ပရေတာများက SMS မှတစ်ဆင့် အကြောင်းကြားစာများ ပေးပို့သွားမည်ဖြစ်သည်။ မိဘအမည်ဖြင့် မှတ်ပုံတင်ထားသည့် ဆင်းမ်ကတ်ကို အသုံးပြုနေသော ကလေးများကဲ့သို့ အမည်ပေါက်နှင့် လက်တွေ့သုံးစွဲသူ မတူညီသူများအနေဖြင့် အချက်အလက်များကို ချက်ချင်း ပြင်ဆင်ရမည်ဖြစ်သည်။သတ်မှတ်ထားသည့် ဩဂုတ်လကုန်အထိ လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဆင်းမ်ကတ်ကို လုံးဝပိတ်သိမ်းမည် မဟုတ်သော်လည်း အထောက်အထား မှန်ကန်ကြောင်း မပြနိုင်မချင်း ဖုန်းအဝင် ခေါ်ဆိုမှုသာ လက်ခံရရှိတော့မည်ဖြစ်ပြီး ဖုန်းထွက်ခေါ်ဆိုမှုများကို ယာယီပိတ်ဆိုင်းထားမည်ဖြစ်သည်။
ထိုင်းနိုင်ငံ၌ SIM ကတ်များ ဩဂုတ်လ ၃၀ ရက် နောက်ဆုံးထား မှတ်ပုံတင်ရန် တိုက်တွန်း၊ မပြုလုပ်ပါက ဖုန်းခေါ်ဆိုခွင့် ပိတ်မည်ဖြစ်
Aug 14 • 1:37 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


