ဂျပန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် ဇွန်လကုန်အထိ ဂျပန်အစိုးရ၏ အကြွေးနွံစုစုပေါင်းသည် ယန်း ၁,၃၀၀ ထရီလီယံကျော် (အမေရိကန်ဒေါ်လာ ၈.၈ ထရီလီယံခန့်) အထိ ရောက်ရှိသွားပြီး စံချိန်တင် အမြင့်ဆုံး ပမာဏသို့ ရောက်ရှိသွားခဲ့သည်။လူဦးရေ အိုမင်းမကင်းမှုကြောင့် လူမှုဖူလုံရေး စရိတ်များ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာခြင်း၊ ကာကွယ်ရေး အသုံးစရိတ်များ တိုးမြှင့်လိုက်ခြင်းနှင့် ကိုဗစ်-၁၉ ကာလအတွင်း ထုတ်ချေးခဲ့သော ရန်ပုံငွေများကြောင့် အစိုးရ၏ ကြွေးမြီပမာဏ ပိုမိုကြီးမားလာခြင်း ဖြစ်သည်။ ဂျပန်နိုင်ငံ၏ ကြွေးမြီ ပမာဏသည် တိုင်းပြည်၏ ဂျီဒီပီ (GDP) ထုတ်လုပ်မှု ပမာဏထက် ၂ ဆကျော် ပိုမိုများပြားနေပြီး အဆင့်မြင့် စီးပွားရေးဖွံ့ဖြိုးပြီး နိုင်ငံများအနက် ကြွေးမြီ အမြင့်ဆုံး ဖြစ်နေသည်။လက်ရှိတွင် ဂျပန်ဗဟိုဘဏ်က အတိုးနှုန်းများကို စတင်တိုးမြှင့်နေသည့်အတွက် အစိုးရအနေဖြင့် ချေးငွေများအတွက် အတိုးပြန်ဆပ်ရမည့် စရိတ်များ ပိုမိုမြင့်တက်လာမည်ဖြစ်ရာ ဘဏ္ဍာရေး ရေရှည်တည်တံ့ရေးအတွက် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသည်။
Aug 13 • 4:06 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


