အမေရိကန် စီးပွားရေးလုပ်ငန်းရှင်နှင့် Tesla ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် အီလွန်မက်စ် (Elon Musk) က “တရုတ်နိုင်ငံက သိပ်ကောင်းတယ်၊ တရုတ်နိုင်ငံဆီ သွားကြည့်ဖို့ လူတိုင်းကို ကျွန်တော် အထူးတိုက်တွန်းအကြံပြုပါတယ်” ဟု ယမန်နေ့က လူမှုမီဒီယာ X (ယခင် Twitter) တွင် ရေးသားခဲ့သည်။အီလွန်မက်စ်၏ ရေးသားချက်ကို မိခင်ဖြစ်သူ မေယာ မက်စ် (Maye Musk) ကလည်း ထောက်ခံခဲ့ပြီး တရုတ်နိုင်ငံ၏ မြို့များတွင် မြို့ပြသန့်ရှင်းမှု၊ လုံခြုံမှုနှင့် ပြည်သူများ၏ ယဉ်ကျေးပျူငှာမှုတို့ရှိကြောင်း မှတ်ချက်ပေးခဲ့သည်။ မကြာသေးမီက Pew သုတေသနစင်တာ၏ စစ်တမ်းများအရလည်း နိုင်ငံတကာတွင် တရုတ်နိုင်ငံအပေါ် သဘောကျနှစ်သက်မှု မြင့်တက်လာကြောင်း သိရသည်။
Aug 13 • 1:52 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


