back

ထိုင်းနိုင်ငံက ပျောက်ကွယ်လုနီးပါး ရိုးရာဟင်းလျာ ၂၃၁ မျိုးကို စီးပွားဖြစ် ဖော်ထုတ်ရန် စီစဉ်

Aug 13 • 1:51 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံက ပျောက်ကွယ်လုနီးပါး ရိုးရာဟင်းလျာ ၂၃၁ မျိုးကို စီးပွားဖြစ် ဖော်ထုတ်ရန် စီစဉ်

ထိုင်းအစိုးရ ယဉ်ကျေးမှုဝန်ကြီးဌာနသည် နိုင်ငံတစ်ဝန်း ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ဒေသခံ ရိုးရာဟင်းလျာ ၂၃၁ မျိုးကို စီးပွားဖြစ် ဖော်ထုတ်ရန် "The Lost Taste" အမည်ရ...

ထိုင်းအစိုးရ ယဉ်ကျေးမှုဝန်ကြီးဌာနသည် နိုင်ငံတစ်ဝန်း ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ဒေသခံ ရိုးရာဟင်းလျာ ၂၃၁ မျိုးကို စီးပွားဖြစ် ဖော်ထုတ်ရန် "The Lost Taste" အမည်ရှိ မူဝါဒအသစ်ကို စတင်မိတ်ဆက်လိုက်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၏ အစားအသောက်ဆိုင်ရာ Soft Power ကို အသုံးပြု၍ ဒေသတွင်း ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ယင်းစီမံကိန်းအတွက် "Thailand Best Local Food" အသိအမှတ်ပြု လက်မှတ်များကို မူလရိုးရာအတိုင်း ချက်ပြုတ်သည့် "Classic" အဆင့်နှင့် ဆန်းသစ်တီထွင် ချက်ပြုတ်သည့် "Creative + Innovation" အဆင့်ဆိုပြီး ၂ မျိုး ခွဲခြား ထုတ်ပေးသွားမည်ဖြစ်သည်။ရှေ့ပြေးစီမံကိန်းအဖြစ် ၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် စားသောက်ဆိုင် ၅ ဆိုင်ကို စတင်ရွေးချယ်ကာ ပရိုမိုးရှင်းများ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး၊ ယခုမူဝါဒသည် နယ်ဘက် ခရီးသွားအသုံးစရိတ် မြှင့်တင်ရန်၊ ဒေသခံ လုပ်ငန်းရှင်များကို ကူညီရန်နှင့် လူငယ်များအကြား ရိုးရာချက်ပြုတ်နည်းများ ထိန်းသိမ်းလိုစိတ် ဖြစ်ပေါ်လာစေရန် ဦးတည်ထားသည်။

news-view-count-icon

15