menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့၌ မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံနိုင်သဖြင့် ကုန်သည်များ ကြိုတင်ပြင်ဆင်ရန် လိုအပ်နေ

Aug 12 • 3:08 AM

breaking-news

မြန်မာ

ရှမ်း

မျှဝေမည်

share-news
cover

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့၌ မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံနိုင်သဖြင့် ကုန်သည်များ ကြိုတင်ပြင်ဆင်ရန် လိုအပ်နေ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့၌ ယခုတစ်ပတ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနေသဖြင့် မြို့ပေါ်နေရာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင...

cover-photo

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့၌ ယခုတစ်ပတ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနေသဖြင့် မြို့ပေါ်နေရာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်၍ ဒေသခံများနှင့် ကုန်သည်များ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း သိရသည်။အထူးသဖြင့် အောင်ပန်းအောက်ဈေး၊ ဘူတာဝန်းကျင်၊ PNO ရုံးရှေ့၊ ကိုဖိုးသားကုန်စုံဆိုင်ဝန်းကျင်၊ Mytel ရုံးတစ်ဝိုက်၊ အောင်ချမ်းသာဘုန်းကြီးကျောင်းရှေ့နှင့် ရပ်ကွက် (၃) အတွင်းရှိ နေရာများသည် ရေစောစီးစွာ လျှံတက်နိုင်သည့် နေရာများ ဖြစ်သည်။ ထို့ကြောင့် ရေထိခိုက်လွယ်သည့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူးနှင့် အခြားကုန်ခြောက်များကို မြင့်မားခြောက်သွေ့သည့် နေရာများသို့ ကြိုတင်ရွှေ့ပြောင်းထားရန် သတိပေးထားသည်။ယမန်နေ့ ကုန်စည်ဈေးကွက်အတွင်း ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၈၀၀ မှ ၁,၄၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ် ၃,၀၀၀ မှ ၁၂,၀၀၀ ကျပ်၊ ကြက်သွန်နီအသစ် တစ်ပိဿာလျှင် ကျပ် ၄,၀၀၀ မှ ၆,၅၀၀ ကျပ်နှင့် အာလူး တစ်ပိဿာလျှင် ကျပ် ၁,၈၀၀ မှ ၄,၅၀၀ ကျပ်အထိ အမျိုးအစားအလိုက် ဈေးနှုန်းရှိနေကြောင်း သိရသည်။ မိုးဆက်လက်ရွာသွန်းပါက ကုန်စည်သိုလှောင်ရုံများ ရေဝင်ခြင်းနှင့် သယ်ယူပို့ဆောင်ရေး ခက်ခဲခြင်းတို့ကြောင့် စီးပွားရေးအရ ထိခိုက်ဆုံးရှုံးမှုများ ရှိလာနိုင်သဖြင့် ကုန်သည်များအနေဖြင့် မိုးလေဝသအခြေအနေကို စောင့်ကြည့်၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် လိုအပ်လျက်ရှိသည်။

news-view-count-icon

14

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ဗီယက်နမ်၊ ဖူးကွက်ကျွန်း၌ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်သည့် ပထမဆုံး လျှပ်စစ်ရထားလိုင်း (LRT) ကို ၂၀၂၇ ဇွန်လတွင် စမ်းသပ်မောင်းနှင်ရန် လုပ်ဆောင်နေ

စင်ကာပူ၌ ကမ်းခြေမှ ဖမ်းဆီးလာသည့် ပင်လယ်ရေသတ္တဝါများကို ချက်ပြုတ်ပေးခဲ့၍ စင်ကာပူ စားသောက်ဆိုင် ပြန်လည် တောင်းပန်

cover-photo
right-arrow-icon