back

တောင်ရှီးဇန့်ဒေသသည် တရုတ်ပိုင်နက်နယ်မြေဖြစ်ပြီး အိန္ဒိယ၏ ထုတ်ပြန်ချက်သည် တရားမဝင်ကြောင်း တရုတ် ပြောကြား

Aug 12 • 1:39 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တောင်ရှီးဇန့်ဒေသသည် တရုတ်ပိုင်နက်နယ်မြေဖြစ်ပြီး အိန္ဒိယ၏ ထုတ်ပြန်ချက်သည် တရားမဝင်ကြောင်း တရုတ် ပြောကြား

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိုကျားခွင်းက တောင်ရှီးဇန့်ဒေသသည် တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေ ဖြစ်ကြောင်းနှင့် အိန္ဒိယက ထုတ်ပြန်ခဲ့သည့် "စံသ...

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိုကျားခွင်းက တောင်ရှီးဇန့်ဒေသသည် တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေ ဖြစ်ကြောင်းနှင့် အိန္ဒိယက ထုတ်ပြန်ခဲ့သည့် "စံသတ်မှတ်ချက်အမည်များ" ဆိုသည်မှာ တရားမဝင်ကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့် ဩဂုတ် ၇ ရက်က "အာရုနာချယ် ပရာဒေ့ရှ်" ရှိ နေရာ ၂၇ ခုအတွက် "စံသတ်မှတ်ချက်အမည်များ" ကို ကြေညာခဲ့ခြင်းအပေါ် ကိုကျားခွင်းက တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် အိန္ဒိယက တရားမဝင် တည်ထောင်ထားသည့် "အာရုနာချယ် ပရာဒေ့ရှ်" ဟူသော အမည်ကို ဘယ်သောအခါမျှ အသိအမှတ်မပြုခဲ့ကြောင်းနှင့် တရုတ်နိုင်ငံ၏ ရေရှည်တည်ရှိလာခဲ့သည့် ဒေသအမည်များကို အစားထိုးရန် အိန္ဒိယ၏ ကြိုးပမ်းမှုမှာ တရားမဝင်၊ ထိရောက်မှုမရှိဘဲ အဆိုပါဒေသ၏ တရုတ်ပိုင်နက်နယ်မြေဖြစ်မှု အခြေအနေကို ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း သိရသည်။

news-view-count-icon

10