back

ထိုင်းနိုင်ငံ၌ သေနတ်ဝယ်ယူခွင့် လိုင်စင်ထုတ်ပေးခြင်းကို ဝန်ကြီးချုပ် ရပ်ဆိုင်း

Aug 12 • 1:37 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၌ သေနတ်ဝယ်ယူခွင့် လိုင်စင်ထုတ်ပေးခြင်းကို ဝန်ကြီးချုပ် ရပ်ဆိုင်း

ထိုင်းနိုင်ငံ၌ ၁၄ နှစ်အရွယ် သေနတ်သမားတစ်ဦး၏ လူ ၉ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က သေနတ်ဝယ်ယူခွင့် လိုင်...

ထိုင်းနိုင်ငံ၌ ၁၄ နှစ်အရွယ် သေနတ်သမားတစ်ဦး၏ လူ ၉ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က သေနတ်ဝယ်ယူခွင့် လိုင်စင်ထုတ်ပေးခြင်းကို အင်္ဂါနေ့တွင် ရပ်ဆိုင်းလိုက်ပြီး ရှိပြီးသား လိုင်စင်များကိုလည်း ပြန်လည်စိစစ် သုံးသပ်မည်ဟု ပြောကြားခဲ့သည်။ပိုမိုပြင်းထန်သော ထိန်းချုပ်မှုများနှင့် ပိုမိုကြီးလေးသော ပြစ်ဒဏ်များ ပါဝင်သည့် သေနတ်ထိန်းချုပ်ရေး ဥပဒေသစ်ကို အမြန်ဆုံး ပြဋ္ဌာန်းဆောင်ရွက်ရန် ဒုတိယဝန်ကြီးချုပ်အား ညွှန်ကြားခဲ့သည့်အပြင် သေနတ်ဝယ်ယူခွင့် ပါမစ်သက်တမ်းတိုးခြင်းများကို ရပ်ဆိုင်းရန်ပါ ရဲတပ်ဖွဲ့သို့ အမိန့်ပေးခဲ့သည်။ မှတ်ပုံတင်ထားသည့် သေနတ်များကို အိမ်တွင်သာ ထားရှိရမည်ဖြစ်ပြီး အများပြည်သူဆိုင်ရာ နေရာများတွင် ကိုင်ဆောင်ခွင့် မရှိကြောင်းနှင့် တရားမဝင် သေနတ်များကို သတ်မှတ်ကာလအတွင်း ပြန်လည်အပ်နှံရေး ဥပဒေရေးရာ လေ့လာမှုများ ပြုလုပ်နေကြောင်း သိရသည်။ဒေသတွင်း သေနတ်ကိုင်ဆောင်မှု နှုန်းထား အမြင့်ဆုံးဖြစ်သည့် ထိုင်းနိုင်ငံ၌ အရပ်သားများ လက်ဝယ်တွင် သေနတ် အလက်ပေါင်း ၁၀ ဒဿမ ၃ သန်းခန့် ရှိနေသည်။ ထို့အပြင် ကျောင်းဝင်းအတွင်း ဝင်ရောက်သူတိုင်းကို စစ်ဆေးခြင်း အပါအဝင် ကျောင်းများ ဘေးကင်းလုံခြုံရေး အစီအမံသစ်များကိုလည်း ပညာရေးဝန်ကြီးက အစိုးရအဖွဲ့ထံ အဆိုပြု တင်ပြထားကြောင်း သိရသည်။

news-view-count-icon

20