လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Xaysomphone Phomvihane ကွယ်လွန်သွားခဲ့သည့်အတွက် မြန်မာ-လာအို ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမောင်သည် အထွေထွေအတွင်းရေးမှူးနှင့်အတူ ဩဂုတ်လ ၁၀ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံရုံးသို့ သွားရောက်ကာ ဝမ်းနည်းကြောင်း ဂါရဝပြုလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ အဆိုပါ ဝမ်းနည်းကြောင်းမှတ်တမ်းရေးထိုးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီးနှင့် သံရုံးအရာထမ်းများ ရှေ့မှောက်၌ လာအို-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများတွင် အရေးပါလှသော ခေါင်းဆောင်တစ်ဦး ဆုံးရှုံးခဲ့ရခြင်းအတွက် နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းပူဆွေးရပါကြောင်း အသင်းဥက္ကဋ္ဌနှင့်အဖွဲ့က ဖော်ပြမှတ်တမ်းတင်ခဲ့ကြသည်။
ကွယ်လွန်သူ လာအိုအမျိုးသားလွှတ်တော်ဥက္ကဋ္ဌအတွက် မြန်မာ-လာအိုချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ လာအိုသံရုံးသို့ သွားရောက်၍ ဝမ်းနည်းကြောင်း မှတ်တမ်းရေးထိုး
Aug 11 • 11:02 AM
လာအို
ပြည်တွင်းသတင်း
မျှဝေမည်
| 2 | 0 | 0 | 0 |

မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ဘားအံ၊ မဒေါက်နှင့် မြစ်ငယ်မြို့တို့တွင် မြစ်ရေများ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေသဖြင့် မြေနိမ့်ပိုင်းနေထိုင်သူများ ကြိုတင်ရှောင်ရှားကြရန် သတိပေး
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် Telematic စနစ်တပ်ဆင်ထားသည့် ယာဉ်အစီးရေ ၅,၇၀၀ ကျော်ရှိလာပြီး RFID စနစ်သစ်ကို စမ်းသပ်ဆောင်ရွက်နေ

