back

မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ဘားအံ၊ မဒေါက်နှင့် မြစ်ငယ်မြို့တို့တွင် မြစ်ရေများ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေသဖြင့် မြေနိမ့်ပိုင်းနေထိုင်သူများ ကြိုတင်ရှောင်ရှားကြရန် သတိပေး

Aug 11 • 11:00 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ဘားအံ၊ မဒေါက်နှင့် မြစ်ငယ်မြို့တို့တွင် မြစ်ရေများ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေသဖြင့် မြေနိမ့်ပိုင်းနေထိုင်သူများ ကြိုတင်ရှောင်ရှားကြရန် သတိပေး

မြန်မာနိုင်ငံရှိ မြစ်ရေများ ဆက်လက်မြင့်တက်နေပြီး မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ဘားအံ၊ မဒေါက်နှင့် မြစ်ငယ်မြို့များတွင် မြစ်ရေသည် သက်ဆိုင်ရာမြို့များ၏ စိုးရိမ်ရေမှတ...

မြန်မာနိုင်ငံရှိ မြစ်ရေများ ဆက်လက်မြင့်တက်နေပြီး မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ဘားအံ၊ မဒေါက်နှင့် မြစ်ငယ်မြို့များတွင် မြစ်ရေသည် သက်ဆိုင်ရာမြို့များ၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေကြောင်း ဩဂုတ်လ ၁၁ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဩဂုတ်လ ၁၁ ရက် နံနက် ၆ နာရီခွဲ တိုင်းတာချက်များအရ ဧရာဝတီမြစ်ရေသည် မြင်းမူမြို့တွင် စိုးရိမ်ရေမှတ်အထက် ၂၆ စင်တီမီတာ ကျော်လွန်နေပြီး လာမည့်တစ်ရက်အတွင်း ၁၅ စင်တီမီတာခန့် ထပ်မံမြင့်တက်နိုင်ကြောင်း ခန့်မှန်းထားသဖြင့် အဆိုပါမြို့များရှိ မြစ်ကမ်းနားနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းရှောင်ရှားကြရန် သတိပေးနှိုးဆော်ထားကြောင်း သိရသည်။

news-view-count-icon

9