ဘန်ကောက်မြို့ရှိ အထပ်မြင့်ကွန်ဒို ၅၀ ခန့်သည် အရေးပေါ်အခြေအနေများတွင် မီးသတ်ကားများနှင့် ကယ်ဆယ်ရေးယာဉ်များ ဝင်ထွက်နိုင်ရန် အဆောက်အအုံပတ်လည်၌ အနည်းဆုံး ၆ မီတာအကျယ်ရှိသော လမ်းရှိရမည်ဟူသည့် အဆောက်အအုံထိန်းချုပ်ရေးဥပဒေကို ချိုးဖောက်ထားကြောင်း ထိုင်းနိုင်ငံ စားသုံးသူများကောင်စီ (TCC) က ထောက်ပြပြောဆိုလိုက်သည်။ ဥပဒေအရ အမြင့် ၂၃ မီတာအထက် သို့မဟုတ် စုစုပေါင်း ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၁၀,၀၀၀ ကျော်သော အဆောက်အအုံများတွင် အဆိုပါပတ်လည်လမ်း ပါရှိရမည်ဖြစ်သော်လည်း စစ်ဆေးမှုများအရ စီမံကိန်းအများစုသည် ယင်းနေရာလွတ်များ၌ ပန်းခြံများ ပြုလုပ်ခြင်း၊ အဆောက်အအုံအပိုများ ဆောက်လုပ်ခြင်းနှင့် ကားပါကင်အဖြစ် အသုံးပြုခြင်းတို့ကြောင့် လမ်းများ ပိတ်ဆို့ကျဉ်းမြောင်းနေကြောင်း တွေ့ရှိရပြီး ၎င်းအခြေအနေသည် မီးဘေးကဲ့သို့သော အရေးပေါ်ကာလများတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို နှောင့်နှေးကြန့်ကြာစေနိုင်ကြောင်း သိရသည်။
ဘန်ကောက်ရှိ အထပ်မြင့်ကွန်ဒို ၅၀ ခန့် သတ်မှတ် အဆောက်အအုံထိန်းချုပ်ရေးဥပဒေနှင့် မညီညွတ်ကြောင်း ထိုင်းနိုင်ငံ စားသုံးသူများကောင်စီ ထောက်ပြ
Aug 11 • 10:56 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


