back

ထိုင်းနိုင်ငံ နခွန်ရတ်ချာဆီမာတွင် ကြက်ဥဈေးနှုန်းများ မြင့်တက်လာပြီး အချို့ဆိုင်များ၌ ကြက်ဥပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိ

Aug 11 • 10:50 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ နခွန်ရတ်ချာဆီမာတွင် ကြက်ဥဈေးနှုန်းများ မြင့်တက်လာပြီး အချို့ဆိုင်များ၌ ကြက်ဥပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိ

ထိုင်းနိုင်ငံ၊ နခွန်ရတ်ချာဆီမာမြို့တွင် ကြက်ဥတစ်ကတ်လျှင် ၅ ဘတ်ခန့် ဈေးနှုန်းမြင့်တက်သွားပြီး အချို့အရောင်းဆိုင်များ၌ ကြက်ဥပြတ်လပ်မှုများနှင့် ကြုံတွေ့နေရသဖြင့် ...

ထိုင်းနိုင်ငံ၊ နခွန်ရတ်ချာဆီမာမြို့တွင် ကြက်ဥတစ်ကတ်လျှင် ၅ ဘတ်ခန့် ဈေးနှုန်းမြင့်တက်သွားပြီး အချို့အရောင်းဆိုင်များ၌ ကြက်ဥပြတ်လပ်မှုများနှင့် ကြုံတွေ့နေရသဖြင့် ဖောက်သည်သစ်များကို ဝယ်ယူခွင့် ကန့်သတ်ရောင်းချနေရကြောင်း သိရသည်။ လက်ရှိတွင် ကြက်ဥဈေးနှုန်းများမှာ ဆိုဒ် ၀ လျှင် ၁၅၀ ဘတ်၊ ဆိုဒ် ၁ လျှင် ၁၄၅ ဘတ်၊ ဆိုဒ် ၂ လျှင် ၁၄၀ ဘတ်၊ ဆိုဒ် ၃ လျှင် ၁၃၅ ဘတ်နှင့် ဆိုဒ် ၄ လျှင် ၁၃၀ ဘတ် ဝန်းကျင်အထိ ရှိနေပြီး ပြည်ပနိုင်ငံများသို့ တင်ပို့နေခြင်းကြောင့် ပြတ်လပ်နေသည်ဆိုသည့် ကောလာဟလများလည်း ထွက်ပေါ်လျက်ရှိသည်။ ထို့ကြောင့် ပြည်တွင်းစားသုံးသူများ အခက်အခဲမရှိစေရန်နှင့် ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်နိုင်ရန်အတွက် အစိုးရအနေဖြင့် ပြည်ပတင်ပို့မှုအခြေအနေများကို သေချာစွာ စစ်ဆေးကြပ်မတ်ပေးရန် ကြက်ဥရောင်းချသူများနှင့် ပြည်သူများက တိုက်တွန်းထားကြောင်း သိရသည်။

news-view-count-icon

32