ထိုင်းနိုင်ငံ၏ အကြီးဆုံး သရဲအိမ်ပြပွဲဖြစ်သည့် Thai Content Experience 2026 (TCX) ကို Siam Paragon ရှိ Paragon Hall ၌ ဩဂုတ် ၁၃ ရက်မှ ၁၆ ရက်အထိ (နံနက် ၁၀ နာရီမှ ည ၉ နာရီအထိ) ၄ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။
အဆိုပါ ပြပွဲတွင် ထိုင်းနိုင်ငံ၏ ကျော်ကြားသော သရဲဇာတ်လမ်းများဖြစ်သည့် GTH၊ Girl From Nowhere နှင့် Undertaker ဇာတ်ကားများထဲမှ အခန်းအနားများကို လက်တွေ့ကိုယ်တိုင် ဝင်ရောက်ခံစားနိုင်မည့် ဇုန်များ ပါဝင်မည်ဖြစ်သည်။ ထို့ပြင် Panna စတန့်အဖွဲ့၏ တိုက်ခိုက်ရေး ပြကွက်များ၊ ထိုင်းရုပ်ရှင် ဇာတ်ဝင်တေး သံစုံတီးဝိုင်း ဖျော်ဖြေပွဲများ၊ ခေတ်ဆန်း ထိုင်းဒရာမာ တင်ဆက်မှုများ၊ ဖန်တီးသူများ၏ ဟောပြောပွဲများနှင့် စတိတ်ရှိုးများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။


