ထိုင်းနိုင်ငံ၊ Chai Nat ပြည်နယ်ရှိ ဆေးရုံတစ်ရုံ၌ ဩဂုတ် ၁၀ ရက်က ဆေးလာယူသည့် သံဃာတစ်ပါး၏ သင်္ကန်းကြားမှ သေနတ်ဒင်ပုံစံ ထွက်နေသည်ကို တွေ့ရှိရသဖြင့် ဆေးရုံတစ်ခွင် အထိတ်တလန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာတွင် တကယ့်သေနတ် မဟုတ်ဘဲ မိုဘိုင်းဖုန်းကာဗာတွင် တပ်ဆင်ထားသည့် ပလတ်စတစ် သေနတ်ဒင်အတု ဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။ အဆိုပါ သံဃာက ဖုန်းကိုင်ရ လွယ်ကူသဖြင့် အွန်လိုင်းမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး မကောင်းသည့် ရည်ရွယ်ချက်မရှိကြောင်း ရှင်းပြခဲ့သည်။ ရဲတပ်ဖွဲ့က အဆိုပါ သေနတ်ပုံစံ အစိတ်အပိုင်းကို ချိုးဖျက်သိမ်းဆည်းခဲ့ပြီး နောက်နောင် လူထုထိတ်လန့်စေမည့် အပြုအမူမျိုး မပြုလုပ်ရန် သတိပေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ Chai Nat ပြည်နယ်၌ ဆေးရုံလာပြသည့် သံဃာတစ်ပါးထံမှ သေနတ်ပုံစံ ဖုန်းကာဗာကြောင့် ဆေးရုံအတွင်း ထိတ်လန့်မှုဖြစ်ပွား
Aug 11 • 2:29 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


