အာဆင်နယ်အသင်း၏ တိုက်စစ်မှူးဟောင်း အလီယာဒီရေးက လာမည့်ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် လက်ရှိချန်ပီယံ အာဆင်နယ်အသင်းကို အဓိက စိန်ခေါ်စိမ်းခြောက်လာမည့် အသင်းမှာ မန်ယူအသင်း ဖြစ်လာမည်ဟု ခန့်မှန်းပြောကြားခဲ့သည်။ အာဆင်နယ်အသင်းသည် ပြိုင်ပွဲတိုင်းတွင် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိပြီး ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ပြုလုပ်နေသဖြင့် အလားအလာကောင်းနေကြောင်း အသက် ၄၃ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးဟောင်းက သုံးသပ်ခဲ့သည်။ လက်ရှိ လောင်းကစားကုမ္ပဏီများ၏ အလေးပေးမှုတွင် အာဆင်နယ်အသင်းက (၁၃း၈) လေးဖြင့် ရေပန်းအစားဆုံးဖြစ်နေပြီး မန်စီးတီး၊ လီဗာပူးလ်၊ ချယ်လ်ဆီးနှင့် မန်ယူအသင်းတို့က ၎င်းတို့နောက်တွင် အသီးသီး ရေပန်းစားလျက်ရှိကြောင်း သိရသည်။
လာမည့်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်ယူအသင်းက အာဆင်နယ်၏ အဓိကပြိုင်ဘက် ဖြစ်လာမည်ဟု အလီယာဒီရေး ပြောကြား
Aug 11 • 1:59 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 17 | 0 | 0 | 0 |


